ကျောက်တော် နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာရှိ သမဝါယမ အသင်းသူ/ အသင်းသားများအား စားအုန်းဆီများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ အသင်းရုံးအတွင်း၌ ကျင်းပပြုလုပ်ရာ အသင်းသူ/အသင်း များစုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းသူ/အသင်းသားများအား စားအုန်းဆီများ ထောက်ပံ့ပေးအပ်ရာတွင် ဒေါင်းတော် ယိုးကျေးရွာ သမဝါယမအသင်း ဉက္ကဌ ဦးမောင်စောယဉ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းအောင်က ဒေါင်းတော် ယိုးသမဝါယမအသင်းအနေဖြင့် အသင်းသူ/ အသင်းသားများ၏ စုပေါင်းလုပ်ကိုင်မှုကြောင့် ရရှိလာသော အကျိုးအမြတ်များအား စုပေါင်းခံစားခွင့်ရရှိသည့် အသင်းတစ်ခုဖြစ်သည်နှင့်အညီ ယခုကဲ့သို့ မိမိတို့အသင်း၏ အကျိုးအမြတ်များထဲမှ အသင်းသူ/အသင်းသားများအား စားအုန်း ဆီများထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့်ယခင်ကလည်း လူသုံးကုန်ပစ္စည်းများ ၊ စားသောက်ကုန် ပစ္စည်းများကိုလည်းအခါ အားလျှော်စွာ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ထို့နောက် ဒေါင်းတော် ယိုးကျေးရွာ သမဝါယမအသင်း ဉက္ကဌမှ အသင်းသူ/အသင်းသား များအနေဖြင့် မိမိတို့ သမဝါယမအသင်းအား တိုးတက်ကြီးပွားအောင် မိမိတို့အနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိရွှေ့ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပြီး တာဝန်ရှိသူ များက ဒေါင်းတော်ယိုးကျေးရွာ သမဝါယမအသင်းအိမ်ထောင်စု(၁၀၄)စုတို့အား စားအုန်းဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဦးတင်လှိုင်