မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

မြောက်ဦး နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားများ အသစ် လှဲလှယ်ခြင်း၊ ပျောက်ဆုံးပျက်စီးမှုများနှင့် အသစ်ပြန်လည်ပြုလုပ်ဆောင်ရွက်ပေးခြင်းအား ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်ပြုလုပ်ဆောင်ရွက်ပေးရာသို့ မြောက်ဦးမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင် ဦးဆောင်သောဝန်ထမ်းများမှ ကုတိုးကျေးရွာ မှ အိမ်ထောင်စု(၁၃)စုမှ ကျား(၄၅)ဦး၊ မ(၅၆)ဦး စုစုပေါင်း(၁၀၁)ဦးအားလည်းကောင်း၊ ကင်းဆိပ် ကျေးရွာမှ အိမ်ထောင်စု(၁၀)စုမှ ကျား(၆)ဦး၊ မ(၁၈) စုစုပေါင်း(၂၄)ဦးနှင့် နန်းကျားကျေးရွာမှ အိမ် ထောင်စု(၁၂)စုမှ ကျား(၁၃)ဦး၊ မ(၂၂)ဦးတို့အား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုတင်ဘာ ၃ ရက်အထိ ၁၈ လကြာဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ နိုင်ငံသားစီစစ်ရေး ကတ်ပြားမရှိသူများအား ပန်းခင်းစီမံချက်ဖြင့် အဆိုပါကျေးရွာများသို့သွား ရောက်ပြီး အိမ်ထောင်စု လူဦးရေစာရင်း(၂၅)နှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား(၁၆၀)ခုတို့အား အသစ်ပြန်လည်ပြုလုပ်‌ပေးခဲ့ ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)