မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများထုတ်ချေးပေး

ဂန့်ဂေါ ဩဂုတ် ၁၉

နိုင်ငံတော်အစိုးရမှချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် ကုစားသည့် အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ် အနေဖြင့်(VRFP)စီမံကိန်းကို ဟံသာဝတီကျေးရွာ၊ ကန်ကျေးရွာ၊ လယ်ကြီး အရှေ့ကျေးရွာ၊ လယ်ကြီးအနောက်ကျေးရွာ၊ အလယ်ရွာ၊ ချောင်းကောက်ကျေးရွာ၊ မြင်းဇာ ကျေးရွာ၊ ရွာမကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးထံမှ သိရသည်။

ဂန့်ဂေါမြို့နယ် ချောင်းကောက်ကျေးရွာအနေဖြင့် (VRFP)စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀) ရရှိခဲ့ပြီး  စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၅၉)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၃)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁)ဦး၊ ကုန်ထုတ် လုပ်ငန်းအတွက်(၁)ဦး စုစုပေါင်း(၁၇၄)ဦးအားလည်းကောင်း၊  အလယ်ရွာအနေဖြင့် လည်း (VRFP)စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၂၀၀)ရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၃)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ( ၈ )ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ ( ၁ )ဦး၊ စုစုပေါင်း(၇၂)ဦးတို့အား ချေးငွေများကို ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)