ထီးချိုင့် ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိုး၏လမ်းညွန်မှုဖြင့် ပြသထားသည့် နံရံကပ်ဘုတ်တွင်
မြို့နယ်တွင်းဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မှတ်တမ်းဓါတ်ပုံများနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဆိုင်ရာသိမှတ်ဖွယ်ရာများပါဝင်သည့်နံရံကပ်စာစောင်ကို ယနေ့ နံနက်တွင် ဗိုလ်ချုပ် လမ်းမကြီး ဘေးရှိ နံရံကပ်ဘုတ်တွင် ပြသခဲ့သည်။
အဆိုပါ နံရံကပ်ဘုတ်တွင်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်လျက် ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ပေးအပ်သည့် မှတ်တမ်းဓါတ်ပုံများ၊ မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများစသည့် အကြောင်းအရာများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ပါဝင်သည့်န ံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)