ကျောက်ထု ဩဂုတ် ၁၉
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့တွင် မဲစာရင်းမှန်ကန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်း စစ်ဆေး ဖြည့်ဆည်းကောက်ယူလျက်ရှိရာ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး ဦးဆောင်သည့် အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆယ်အိမ်မှူးများရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲဝင်များဖြင့် ပူးပေါင်း၍ သြဂုတ် ၁၇ ရက်မှစတင်ကာ မဲစာရင်း မှန်ကန်မှုရှိမရှိ ဩဂုတ် ၁၇ ရက်မှစတင်ကာ ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးဖြည့်ဆည်း ကောက်ယူလျက်ရှိသည်။
ထိုသို့ကောက်ယူရာတွင်မှတ်ပုံတင်ကတ်ပြားမရှိသူများ အဘအမည်မှားယွင်းသူများ စသည့် အတွက် ပြင်ဆင်ရန် ပုံစံ(၃)၊ ပုံစံ (၃-က)၊ ပုံစံ (၃-ခ) ၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ကိုပါ တပါတည်းယူဆောင် သွားပြီး အမည်စာရင်းမပါရှိသူများ အမည်စာရင်းလွဲမှားမည့်သူများ မှတ်ပုံတင် လွဲမှားနေသူများကို ပြင်ဆင် ပေးခဲ့ကြကြောင်းသိရသည် ။
မောဟေမာန် (ပြန်/ဆက်)