ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း ဘုံကထိန်အလှူတော်မင်္ဂလာ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ  နိုဝင်ဘာ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၁) ကို ယမန်နေ့မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဘုံကထိန်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း က ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းသည် နှစ်စဉ်နှစ်တိုင်း ပုံမှန်ကျင်းပနေသော အခမ်းအနားများ ဖြစ်ပါကြောင်း၊ ကုသိုလ်ထူးခြားသည့် အလှူလည်း ဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် ယခင်နှစ်များကလုပ်ဆောင်ခဲ့သော အတွေ့အကြုံများကို မူတည်ပြီးတစ်နှစ်ထက်တစ်နှစ် ပိုပြီးစည်ကားလာအောင်၊ ပိုပြီးစည်းကမ်းတကျဖြစ်အောင်၊ ပိုပြီးအကျိုးရှိအောင် လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးရှိပြီး ထူးမြတ်သည့် ကထိန်အလှူမင်္ဂလာ အခမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ စုပေါင်းဘုံကထိန် အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူးတို့က စုပေါင်းဘုံကထိန်း အခမ်းအနားကျင်းပမည့် ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း