ချောက် နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသားများမကျန်ရှိစေရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာနေ ပြည်သူ (၂၄၃၆)ဦးအား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီခွဲအချိန် က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပေးအပ်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် က ပန်းခင်းစီမံချက်အကြောင်းနှင့် နိုင်ငံသားစိစစ်ကတ်ပြား ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောက်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်တင့် က ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်၊ ယင်းနောက် လူမှုရေးရာဝန်ကြီးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူတို့က ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှုးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၄၃၆)ပြားကို အသီးသီးပေးအပ်ခဲ့ရာ ရပ်ကွက် /ကျေးရွာနေ ပြည်သူများ ကိုယ်စားအမှတ် (၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊ အဆိုပါအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈)လကြာဆောင်ရွက်သွားမည်ဖြစ်ရာ ချောက်မြို့နယ်အနေဖြင့် ယနေ့အချိန်အထိ ကျေးရွာအုပ်စု (၁၈)အုပ်စု၊ ရပ်ကွက် (၅)ရပ်ကွက်၊ ခမရ(၄၁၆)၊ ခလရ(၁၃) တပ်နှစ်ခုတို့ရှိ နိုင်ငံသား စုစုပေါင်း ကျား(၁၁၀၂)ဦး၊ မ (၁၃၃၄) ဦး စုစုပေါင်းနိုင်ငံသား (၂၄၃၆)ဦးအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျော်မိုး