ပခုက္ကူ သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမ အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားသည့် စာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများက ဩဂုတ်လ ၁၇မှစတင်၍ မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်စိစစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် ရပ်ကွက်(၃၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး (၈၉)ရုံးမှ အမည်စာရင်းထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် တင်ပြလျှောက်ထားလာသူ (၁၅၇၃)ဦး၊ မဲစာရင်းတွင် မပါအဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ(၇၁၈)ဦး၊ မဲစာရင်းစပ်လျဉ်းသည့် ပြင်ဆင် လွှာ ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူ (၂၂၂၂)ဦးရှိရာ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်း လုပ်ငန်းများကို သြဂုတ်လ (၁၇)ရက်နေ့မှ (၃၀)ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ အုပ်စုအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ခင်မာအေး က ပြောပြသည်။
ဆလိုင်းကိုကီး(ပခုက္ကူ)