မင်းဘူး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော် မတီဉက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ က အဖွင့်အမှာစကားပြောကြားရာ သက်ငယ် မုဒိမ်းမှုသည် အခြေအနေအချိန်အခါ နေရာမရွေးဖြစ်နိုင်သည့်အတွက် မိဘ၊ အုပ်ထိန်း သူများနှင့် ရပ်ရွာလူထုအား ကလေးသူငယ်များအပေါ် သက်ငယ်မုဒိမ်းမှုကျရောက်ခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်ဖြူပြာက ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်ဝန်ဆောင် ထောက်ပံ့ ကြေး လျှောက်လွှာထားရမည့် ငွေဗိုက် Application ဖြင့် ထောက်ပံ့ငွေများအား အကျုံးဝင်သူ အားလုံး ရရှိနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအထိ သတင်းအချက်အလက်များ ရောက်ရှိ နိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန် စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မမငယ်က အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် အကြောင်း အရာများအား အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေး ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဦးစီး အရာရှိဒေါ်ဖြူပြာ၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်မမငယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် မြို့နယ်ကြက်ခြေ နီ အသင်းမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)