အရာတော် ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် မိုးစပါးမျိုးစေ့ထုတ ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( OSS ) ခန်းမတွင် ကျင်းပသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန် အရာတော်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နော်သင်းသင်းအေးတို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်က မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် မြို့နယ်အတွင်းမျိုးစေ့ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး အရာတော်မြို့နယ်အတွင်း (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ရေး အစီအစဉ်အရကျေးရွာအုပ်စု (၁၁) အုပ်စုရှိ တောင်သူ (၈၉) ဦးအတွက် အရည်အသွေးကောင်း စပါးမျိုး စိုက်ဧက ၁ ဧကလျှင် မျိုးစေ့ဖိုး ၁၀၅၀ဝ ကျပ်နှင့် စိုက်စရိတ် ၇၅၀၀၀ ကျပ်စုစုပေါင်း ၈၅၅၀၀ ကျပ်နှုန်းဖြင့် စိုက်ဧကပေါင်း ၂၂၀ အတွက်ထောက်ပံ့ငွေ ကျပ်သန်း ( ၁၈၈,၁၀၀၀၀ )ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
နွယ်နီမြင့်(ပြန်/ဆက်)