သံဖြူဇရပ် သြဂုတ် ၁၉
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင် သော်မောင်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာ ကြသည့် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရ သည်။
အေးအေးသီ(ပြန်/ဆက်)