ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် လုပ်ငန်းများအား ရပ်ကွက်နေပြည်သူများသို့ ချပြ ရှင်းလင်း

ကံမ ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံ ရန်ပုံငွေ ဖြင့်  အမှတ်(၃)ရပ်ကွက်၊ မဒေးဝကျောင်းလမ်းအား ကွန်ကရစ် ခင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက်အုတ်စီရေမြောင်း ပြုလုပ်ခြင်းတို့အား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့်ဝန်ထမ်းများ က    အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်မည့်လုပ်ငန်းများအား ရပ်ကွက်နေ ပြည်သူများ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့ကြပြီး လမ်းကော်မတီနှင့်ရေမြောင်းကော်မတီများ ဖွဲ့စည်းပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မည့် ကွန်ကရစ်လမ်းမှာ အလျား(၃၅၀)ပေ၊အနံ(၁၂)ပေနှင့်ထု(၈)လက်မ အား ရန်ပုံငွေ ကျပ်သိန်း (၈၀) ဖြင့် လည်းကောင်း၊ အုတ်စီရေမြောင်းမှာ အရှည်ပေ(၁၆၀)၊ အနက်(၁)ပေ ၆ လက်မ၊ အကျယ် ၃ ပေအား ငွေကျပ် ၄၅ သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမြင့်လှိုင်ထံမှသိရှိရသည်။

ကျော်ဇေယျဝင်း(ကံမ)