ဟင်္သာတ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာမြို့နယ်တွင် (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီချိန်က ဟင်္သာတမြို့ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်ကြီးတွင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှူး ဦးဆန်းလွင် ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မြစ်ကွေ့ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဦးစန္ဒာသိရီထံ မှငါးပါးသီလခံယူဆောက်တည်ကာ လှူဒါန်းမူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ