ကံမ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးသမိုင်းအား ရှင်းလင်းဆွေးနွေး၍ အဖွင့်အမှာ စကား ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ နှစ်ပတ်လည်ကာလအတွင်း လုပ်ငန်းတာဝန်များကို ထူးချွန်စွာဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုဆုချီး မြှင့်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ် ခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရလက်ပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း နှင့်တာဝန်ရှိသူအသီးသီးတို့က ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)