ကဝမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးမှုအား ထောက်ပံ့ကြေး ပေးအပ်

ကဝ ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ရွာသစ်ရပ်ကွက်တွင် ဩဂုတ်လ(၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်  အမိုးလန် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်ခုအတွက် ယမန်နေ့ ညနေပိုင်းအချိန်က ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ် ခဲ့ကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်  နေအိမ်တစ်လုံး အိမ်ထောင်စုတစ်ခုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၅၀၀၀၀) ကျပ်အား ကဝမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းယုမော်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က ထောက်ပံ့ငွေများအား လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)