ကောလင်း သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပထမအကြိမ် ကပ်ထားကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများမှာ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင် စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကျန်ခဲ့ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ ပါဝင်သော အချက်အလက်များ မှားယွင်းနေခြင်းစသည့် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင််ရွက်နေကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုထံမှ သိရသည်။
ကောလင်းမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၁၃၃ ရုံ၊မဲဆန္ဒရှင်စာရင်းဦးရေ ၁၁၂၇၄၃ဦးရှိပြီး မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာထားခဲ့ရာ လာရောက်ကြည့်ရှုသူ ၇၃၂၁၅ဦးရှိပြီး မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် မပါဝင်၍ ပုံစံ (၃)ဖြင့် အမည်ထည့်သွင်း ရန် တောင်းဆိုလျှောက်ထားသူ ၁၇၂၀ဦး၊ မဲဆန္ဒရှင်စာရင်းမှာ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်ထားသူ ၇၂၅ဦး၊ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်သော အချက်အလက်များ မှားယွင်းနေ၍ ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းသူ ၂၉၀၀ဦးရှိကြောင်း၊ ပထမအကြိမ် ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်လုပ်ငန်းကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)