ပြင်စလူ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ် (၁)၊ (၂)၊ (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက်ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ပြင်စလူမြို့ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၉၆၂၀၀၀ဝိ) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)