ဝက်လက်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်​ရေးကတ်ပြားများ အရှိန်အဟုန်မြှင့် ကွင်းဆင်း​ဆောင်ရွက်​

ဝက်လက် သြဂုတ် ၁၉

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦး​ကျော်​ကျော်ခိုင် ဦးဆောင်ကြီး ကြပ်မှုဖြင့် ဝန်ထမ်းများသည် သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်​ရေးကတ်ပြား များ​ ဆောင်ရွက်​ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ကြီး​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးရုဲံး၌ ကွင်းဆင်း​​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံး ဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်​ရေးကတ်ပြားများ​ ဆောင်ရွက်​ပေးခြင်းကို သစ္စာစီမံချက်ဖြင့်   အရှိန်အဟုန်မြှင့်  ​ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့သည်။

ဝက်လက်မြို့နယ် လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးက သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြား​ ဆောင်ရွက်​ပေးခြင်းကို သြဂုတ်လဆန်းက စတင်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့သရက်ကြီး​ကျေးရွာအုပ်စုတွင်  အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စီစစ်​ရေးကတ်ပြား  ၁၁၀ ခု ​ဆောင်ရွက်​ပေးခဲ့ပြီး ဖြစ်​ကြောင်းနှင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်​နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ​ အ​ထွေ​ထွေ​ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း  မဲ​ပေးပိုင်ခွင့်မဆုံးရှုံး​စေ​ရေးအတွက်  ပထမအကြိမ် အ​ခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထား​ကြေညာစဉ်က နိုင်ငံသားစိစစ်​ရေး ကတ်ပြားနံပါတ်များ မပါရှိသည်များကို စိစစ်စစ်​ဆေးခြင်းများကို တစ်ဆက်တည်း​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးက သိရသည်။

ဥမ္မာဝင်း (ဝက်လက်)