ကျိုက်လတ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းနိုင်ရေး၊ နိုင်ငံရေးပါတီများဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းစိစစ်ရေး ကော်မတီဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိန်မင်း က နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)