ဘိုကလေးမြို့နယ်တွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ လူဉီးရေ(၃၀)ဖြင့် (၁)လလျှင် (၄)ရက် ပြုလုပ်ရန် ပြန်လည်ခွင့်ပြုထား

ဘိုကလေး  ဩဂုတ် ၁၉

၂၀၂၀ပြည့်နှစ် ဇူလိုင်(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ မဖြစ်မနေ ဆောင်ရွက် သင့်သည့် ဘာသာရေးဆိုင်ရာ အခမ်းအနား များအား လူ(၃၀)ဦးထက် မပိုစေဘဲ ကျင်းပနိုင်ရေးအတွက် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်(၁၂)ရက်တွင် ထုတ်ပြန်သည့် အမိန့်ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် လူ(၃၀)ဦး ထက်ပို၍ စုဝေးခြင်း မပြုရန် ထုတ်ပြန်ခဲ့ရာ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ် တိုးတက်မှုများအရ ဩဂုတ်(၁၆)ရက်နေ့ မှစတင်၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်းကို လဆန်း၊ လဆုတ်()ရက်နေ့များနှင့် လပြည့်၊ လကွယ်နေ့များတွင် တစ်လလျှင် ()ရက်၊ အခြားဘာသာဝင်များ အနေဖြင့် တစ်ပတ်လျှင်()ရက်ဖြင့် တစ်လလျှင်()ရက်နှုန်း လူ(၃၀)ဦး ထက်မပိုစေပဲ ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြန်လည် ခွင့်ပြုခဲ့သည်။

အဆိုပါ ခွင့်ပြုချက်အား တိကျစွာလိုက်နာဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ မြို့နယ်သာသနာရေးမှူးရုံး၊ ဘုန်းတာ်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရား ကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ဩဂုတ်(၁၇)ရက်နေ့တွင် ပေးပို့ ညွှန်ကြားထားကြောင်းနှင့် သတ်မှတ် ညွှန်ကြားချက် များနှင့် မညီပါက ဥပုသ်ဆောက်တည်ခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့်များအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)