ခါမ်းပါတ် သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ အတွင်းရှိ အသက် (၉) နှစ်မှ (၁၀)နှစ်ကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ခါမ်းပါတ်မြို့ပေါ်(၅) ရပ်ကွက်တွင် အသက် (၉) နှစ်မှ (၁၀) နှစ်ကြား ကျောင်းနေသူအမျိုးသမီး (၁၅၄) ဦးနှင့် ကျောင်းမနေသူ (၆) ဦး၊ စုစုပေါင်း (၁၆၀) ဦးရှိကြောင်း သိရသည်။
ထို့အပြင် ခါမ်းပါတ်မြို့တိုက်နယ်ကျန်းမာရေးအပိုင် ဖြစ်သည့် နန်ကတိတ်ကျေးရွာ၊ နန်းခေါက်ခေါက် ကျေးရွာနှင့် ကျွန်းတောရေရှင်ကျေးရွာတို့တွင် (၅၇) ဦးရှိကြောင်းလည်း ကျန်းမာရေး ကြီးကြပ်(၁) ဦးကျင်ဒိတ်တွောင်ထံမှ သိရသည်။
အဆိုပါကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်ကာ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သားငယ်(ပြန်/ဆက်)