ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအတန်းလှပ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုး နေမှုအား ကြည့်ရှုအားပေး

ဟုမ္မလင်း သြဂုတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အသင်းဥက္ကဋ္ဌ ဦးသန့်ဇင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးတို့က သြဂုတ်လ(၁၇)ရက်နေ့ နံနက် (၉)နာရီက ဟုမ္မလင်းမြို့နယ် ကက်သာစံပြကျေးရွာ တောင်သူ ဦးအောင်မြင့်သောင်း လယ်တွင် မိုးစပါးအတန်းလှပ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ (IHTDP) ကက်သာစံပြကျေးရွာအနီး ပတ်ဝန် ကျင်း ကျေးရွာများပါ မိုးစပါး စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကက်သာ-နောင်မခန်-စွယ်ကြာပေါ် လမ်းဘေးတောင်သူ ဦးအောင်မြင့်သောင်း လယ်တွင် ဒုတိယဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက်ဦးစီးမှူး ဦးဟွေလိယို၊ ဦးယောထန်နှင့် ဝန်ထမ်း များက တန်းလှပ်စိုက်ပျိုးနည်းစနစ် လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြကြောင်း ဟုမ္မလင်းမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

 လင်းလင်း(ပြန်/ဆက်)