ကျောက်မြောင်း ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောက်မြောင်းမြို့ပေါ် ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စု (၃၂၅၉)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀ဝိ/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၅၁၈၀၀၀ဝိ/) ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်နှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများက မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင် ကျောက်မြောင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၆၃၀) အတွက် ငွေကျပ်သိန်း (၁၂၆၀၀၀၀၀)၊ အမှတ်(၂) ရပ် ကွက်ရှိအိမ်ထောင်စု (၇၃၈) အတွက်ငွေ (၁၄၇၆၀၀၀၀) ကျပ်၊ အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၈၄၅) အတွက် ငွေကျပ် (၁၆၉၀၀၀၀၀) သိန်းနှင့် အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၀၄၆) အတွက် ငွေ (၂၀၉၂၀၀၀၀) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်ပိုင်မှူး (ကျောက်မြောင်း)