မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ

မော်လမြိုင် အောက်တိုဘာ ၂၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာန  တာဝန် ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့၊  မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး  အစည်းအဝေးခန်းမတွင်   ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်    တွေ့ဆုံခဲ့ရာ  ၂၀၂၁  အောက်တို ဘာလမှ  ၂၀၂၂ မတ်လအထိ        ဘဏ္ဍာရေးနှစ်အခွန်နှင့် သာမန်ရငွေစာရင်း၊ ငွေလုံး၊ ငွေရင်း  အသုံးစရိတ်စာရင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကို ညွှန်ကြားရေးမှူး နှင့် သက်ဆိုင်ရာ မြို့နယ်အမှုဆောင်အရာရှိများက  ရှင်းလင်းတင်ပြကြသည်။

တွေ့ဆုံပွဲတွင် တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြို့နယ် များအလိုက် သန့်ရှင်းသာယာလှပရေး၊ ရေစီး၊ ရေလာကောင်းမွန်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ် ရေး၊ အမှိုက်သိမ်းမှုစနစ်များ၊   ဈေးများကိုလည်း   ကိုဗစ်-၁၉    ညွှန်ကြားချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့်  မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ တင်ဒါလုပ်ငန်းများ၊ ဌာနတွင်း လုပ်ငန်းများကို တင်ဒါလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ သတ်မှတ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအင်အား လိုအပ်ချက်များကို ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

မွန်ပြည်နယ်သည် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်သည်နှင့်အညီ ဒေသထွက်ရိုးရာဝတ်စုံများနှင့် အစား အသောက်များဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများစွာ စိတ်ဝင်စားမှုရှိသည့်အပြင် တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၊ ရှေးဟောင်းသမိုင်းဝင်သာသနိက အဆောက်အအုံများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။ အလားတူမွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ မြို့နယ်များ သန့်ရှင်းသာယာ လှပစေရေးအတွက် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့တွင်းရေစီး၊ ရေလာ ကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ်မှု စနစ်တကျရှိစေရေး၊  မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရေးတို့အတွက် လမ်း၊ တံတားများ အသစ် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း