သာယာဝတီ သြဂုတ် ၁၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီ က ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရဲမြင့်က အထွေထွေရွေးကောက်ပွဲအား စံ(၅) ရပ်နှင့်အညီ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မဲစာရင်းကောက်ယူထားရှိမှုနှင့် မဲရုံစာရင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နယ်မြေခွဲဝေ တာဝန်ပေးအပ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအားရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးခင်မောင်သင်က ပထမအကြိမ် မဲစာရင်း ကပ်ထားကြေငြာခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)