စလင်း၊ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပပြု လုပ်သွား မည်ဖြစ်ပါသဖြင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ် ငန်းစဉ် များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီ ဖြေရှင်း ဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်၁၀နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ စည်သူခမ်းမ၌ ဖွဲ့စည်းခဲ့သည်။
အဆိုပါအခမ်းအနား၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဘိုရဲက အမှာစကား ပြောကြား ခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဒေါ်ဥမ္မာမြင့်က မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြား ခဲ့ရာ တက် ရောက်လာသော ပါတီအသီသီးမှကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကြ ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာမြင့် တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
စလင်းမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ပါတီ(၇)ပါတီနှင့် တသီး ပုဂ္ဂလတစ်ဦး၊ မဲရုံပေါင်း (၂၇၉)ရုံရှိပြီး ပထမမဲဆန္ဒရှင်စာရင်းအရ မဲပေးနိုင် သူပေါင်း (၁၉၇၈၆၁)ဦးရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)