ရွှေတောင် သြဂုတ် ၁၇
ပြည်ခရိုင် ရွှေတောင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြပြီး မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဌမှ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)