ပွင့်ဖြူ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဩဂုတ် ၂၁ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထပ်မံ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုတွင် အမဲခုံလုပ်ငန်းလိုင်စင်(၄)ခု ၊ ဝက်ခုံ လုပ်ငန်း လိုင်စင်(၈)ခု ၊ ဆိတ်ခုံလုပ်ငန်းလိုင်စင်(၆)ခု ၊ ကျောင်းတော်ရာဈေးကောက်လုပ်ငန်းလိုင်စင်(၁)ခု ၊ ဆိပ်ကမ်း ကောက်လုပ်ငန်းလိုင်စင်(၁)ခု ၊ စုစုပေါင်း လုပ်ငန်းလိုင်စင်(၂၀)ခု ဖြစ်ကြောင်း သိရကာ လေလံဆွဲဝယ်ယူလိုသူများအနေဖြင့် အဖွဲ့မှသတ်မှတ်ပေးထားသော လျှောက်လွှာနှင့် အတူ တင်ပြ၍ ကိုယ်တိုင်ဆွဲဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဈေးပြိုင်စနစ် ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က အရပ်အရပ်အခွင့်အရေးလိုင်စင်(၂၂)ခုရှိရာ ဩဂုတ် ၁၄ ရက်နေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံ ရောင်းချရာတွင် ကုန်းဇောင်းကျေးရွာရှိ ဝက်ခုံ(၁)နှင့် ဝက်ခုံ(၂) လုပ်ငန်းလိုင်စင်(၂)ခုကို ကြမ်းခင်းဈေးပြည့်မီကျော်လွန်စွာဖြင့် ရောင်းချနိုင်ခဲ့ပြီး ယခု ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား ဩဂုတ်လ ၂၁ ရက်နေ့တွင် ထပ်မံရောင်းချ ပေးသွား မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)