ကယား စက်တင်ဘာ ၂၇
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက် ၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၇၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၈) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၁၈)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) တွင်(၄) ဦး၊ လိုခါးလိုတိုက်နယ်ဆေးရုံတွင်(၂)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၈) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၃၃၅၁) ဦးရှိပြီး ဆေးရုံဆင်းလူနာ(၂၆၁၂)ဦးရှိပြီ ယနေ့ လွိုင်ကော်မြို့နယ် သေဆုံးသူ (၁)ဦး၊ ဒီးမော့ဆို မြို့နယ်တွင် (၁)ဦးရှိရာ စုစုပေါင်း သေဆုံးလူနာ(၁၂၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၃၅) ဦး၊ Positive Medical Centre များတွင် (၁၇၀)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင်(၆၅)ဦး၊ ဘောလခဲမြို့နယ်တွင် (၆၀)ဦး၊ ရှားတောမြို့နယ်တွင် (၁)ဦး၊ ဖားဆောင်း မြို့နယ်တွင် (၅၁)ဦး၊ တပ်မတော်ဆေးရုံတွင် (၄)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁၂၇)ဦး၊ စုစုပေါင်း (၆၁၃) ဦးအား ကုသပေးလျက် ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
ခရိုင် ပြန်/ဆက်