မွန်ပြည်နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာ၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

လမိုင်း ဩဂုတ် ၁၆

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာ ပသျူးချောင်းရွာ၌ ဩဂုတ်လ (၃၊ ၄၊ ၅) ရက်နေ့က လေပြင်းနှင့် ပင်လယ်ရေလှိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးလှမ်းကြပ်စင်များ ပျက်စီးသွားသော အိမ်ထောင်စုများအား ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန် ရှိသူများက ထောက်ပံ့ငွေ နှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

လေပြင်းနှင့် ပင်လယ်ရေလှိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးလှမ်းကြပ်စင်ပျက်စီးသွားသော အိမ်ထောင်စု (၃၅) စုအား မော်လမြိုင် မြို့ဈေးကြိုရပ်ရှိ ဓာတုမာလာဘုန်းကြီးကျောင်းတိုက် ဆရာတော် ဥူးသာသုမာလာ ပါသံဃာတော် (၆) ပါး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟနှင် NMSP မွန်အဖွဲ့အစည်းများက လေဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၅၂) သိန်း၊ ဆန်ခြောက်ပြည် အိတ်(၈၀) အိတ်၊ မားမားခေါက်ဆွဲခြောက် (၄၀) ဖာနှင့် ဆီတစ်လီတာဗူး (၄၀) ဗူးတို့အား လှူးဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

လမိုင်း(ပြန်/ဆက်)