ရွာသစ် စက်တင်ဘာ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ပိတ်ချင်းသီး လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
အဆိုပါ ပိတ်ချင်းသီးသည် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၍ ကယားပြည်နယ်ရှိ ရွာသစ်မြို့ တစ်မြို့တည်းသာ သီးခြား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ယခုရာသီ အချိန်တွင် ပိတ်ချင်းသီး စတင်ခူးဆွတ်ကာ ပိတ်ချင်းသီးအစို(၄)ပိဿာတွင် အခြောက်(၁)ပိဿာရရှိကာ ဒေသပေါက်ဈေး အခြောက်ဈေးနှုန်း ၁ပိဿာလျှင် (၆၅၀၀)ကျပ် ရရှိကြောင်း၊ အရင်နှစ်ကထက် ဈေးကောင်းရရှိကြောင်း မိသားစုဝင်ငွေတိုး၍ အကျိုးအမြတ်လည်းရရှိကြောင်း ဒေသခံခြံပိုင်ရှင် တစ်ဦးက ပြောကြားသည်။
နန်းဆွေဆွေအေး