မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း သံဃာတော်များ နှင့် သာသနာ့နွယ်ဝင် သီလရှင်များ အတွက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လှူဒါန်းပွဲသို့ မည်သူမဆို ပါဝင်ကုသိုလ်ယူနိုင်

 

မော်လမြိုင်     စက်တင်ဘာ     ၂၂

 

ကိုဗစ်-၁၉ရောဂါ   ဖြစ်ပွားနေသည့်ကာလအတွင်း  သံဃာတော်များနှင့်   သာသနာ့နွယ်ဝင် သီလရှင် များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက် အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ဖက်တန်းရပ်ကွက်၊ပြည်နယ် သာသနာ့ဗိမာန် အနီးတွင်စက်တင်ဘာ၁၈ ရက်မှ စတင်၍ အောက်တိုဘာ ၁၉ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

 

အဆိုပါမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲကို အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့တို့၏  ကြီးကြပ်မှုနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာ့အကျိုးတော်ဆောင်များ၊မြို့နယ် ဝိုင်အမ်ဘီအေအသင်း ဝင်များနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူတို့ ပူးပေါင်း၍ နေ့စဉ်အလှူခံမဏ္ဍပ်တွင် သတ်မှတ်ရက် အလိုက် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ  စက်တင်ဘာ၂၁ရက်နေ့အထိ ကောက်ခံရရှိမှု အလှူငွေကျပ် ၁၁၂၄၈၅၀နှင့် ရွှေမြင့်မိုရ် ဓမ္မနန္ဒီဆရာတော် ဒေါက်တာအရှင်ပဏ္ဍိတနှင့်  အလှူရှင် များက ဆွမ်းဆန် တော်အိတ် ၅၀၀ အိတ် ပါဝင်လှူဒါန်းပေးသည်။

 

ယင်းသို့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း  သံဃာတော်များနှင့် သာသနာ့နွယ် ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်လှူဒါန်းပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပါ၍ ရပ်နီး၊ ရပ်ဝေး  အလှူရှင်များမှလည်း မည်သူမဆို စေတနာ၊သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်း ကုသိုလ် ယူနိုင် ကြကြောင်း သိရသည်။

 

ဇာဖြူဝင်း