ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် စံဖဲကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပညာပေး နှိုးဆော်ရာတွင် ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အိမ်အတွင်း၌သာ အတတ်နိုင်ဆုံး နေထိုင်ကြရန်၊ မိမိအိမ်သို့ ဧည့်သည်များ လာရောက်ခြင်းနှင့် အခြားသူများထံသို့ သွားရောက်ခြင်းမှ ရှောင်ကြဥ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေခွာ၍ ပြောဆိုဆက်ဆံရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်းမပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများတွင် နေထိုင်ခြင်းမှ ရှောင်ရှားရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း၊ အများနဲ့တွေ့ဆုံပြီး ပြန်လာတိုင်း နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအား အမြန်တားဆီး ကာကွယ်နိုင်ရန် အတွက် မိဘပြည်သူများက ကို်ယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တို့ကို  အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ရေးကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

နီနီဝင်း