ကယား စက်တင်ဘာ ၂၂
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၂)ဦးစစ်ဆေးခဲ့ရာ (၂) ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၁)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၂၈၁)ဦးတို့အား ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၅၄) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၅၆)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၆) ဦး၊ မစိုးရိမ်ကျောင်းတိုက်တွင် (၁၂)ဦး၊ မြို့မရဲစခန်းတွင်(၇)ဦး၊ ဘောလခဲမြို့နယ်(PMC)များတွင် (၉)ဦး၊ လိုခါးလိုတိုက်နယ် ဆေးရုံတွင် (၁) ဦး၊ ဖားဆောင်မြို့နယ် (PMC)များတွင် (၄)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၇)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရ သည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၅၆) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၃၁၁၃) ဦးရှိပြီး ဆေးရုံဆင်းလူနာ(၂၄၂၈)ဦးရှိကြောင်းနှင့် ယနေ့တွင် သေဆုံးလူနာ လွိုင်ကော် မြို့နယ်တွင် (၂)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် (၁)ဦး၊ ဖယ်ခုံမြို့တွင် (၁)ရှိပြီး စုစုပေါင်းသေဆုံးလူနာ(၁၂၁)ရှိပြီဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၂၇) ဦး၊ Positive Medical Centre များတွင် (၁၆၂)ဦး၊ ဘောလခဲမြို့နယ်တွင် (၄၉)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၉၂)ဦး၊ တပ်မတော်ဆေးရုံတွင် (၈)ဦး၊ မယ်စဲ့မြို့နယ် တွင် (၁၂၆)ဦး၊ စုစုပေါင်း (၅၆၄)ဦး အားကုသ ပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
လွိုင်ကော်ခရိုင်(ပြန်/ဆက်)