ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်တွေ  စက်တင်ဘာ ၂၀

 

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်က ရခိုင်ပြည်နယ်သို့ တပ်မတော်လေယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ သယ်ယူ ရောက်ရှိလာမှု၊ ပြည်အတွင်းရှိ မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဒေသခံ တိုင်းရင်းသားပြည်သူများ၊ IDPs စခန်းများရှိပြည်သူများ၊ တိုက်ပွဲရှောင်စခန်းများရှိပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံပေးနေမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသောဌာန ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေချီးမြှင့် ပေးနိုင်မှု၊ ပြည်သူများ ကျန်းမာရေးအသိရှိစေရန်အတွက် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုနှင့် သွားလာရေးခက်ခဲသည့် ဒေသများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင် ရွက်ရာ၌ တပ်မတော်ဆေးအဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို  ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)