ပခုက္ကူ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (WSAP)ဖြင့် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ငမို့ကြီး၊ ငမို့လေးနှင့်ထန်းတောကုန်း ကျေးရွာသုံးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေတို့ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့်အတူ ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးတင့်ဝေ၊ လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇင်ထွန်း၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နှင့်တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများလိုက်ပါပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပေါက်မြို့နယ်၊ ငမို့ကြီးကျေးရွာတွင် ၄.၆၅ဖာလုံ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ထိုလမ်းပေါ်တွင် (၁၈ပေ၊ ၁၀ပေ၊ ၄ပေ) Slab Culvert တစ်စင်း၊ (၁၈ပေ၊၃ပေ၊၃ပေ) Box Culvert တစ်စင်း၊ အချင်းနှစ်ပေရှိ Pipe Culvert နှစ်စင်း၊ ငမို့လေး ကျေးရွာတွင် ၄ဖာလုံ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ထိုလမ်းပေါ်တွင် (၁၈ ပေ၊ ၁၀ပေ၊ ၄ပေ) Slab Culvert တစ်စင်း၊ (၁၈ပေ၊၃ပေ၊၃ပေ) Box Culvert တစ်စင်း၊ အချင်းနှစ်ပေရှိ Pipe Culvert သုံးစင်း၊ အချင်းတစ်ပေ ရှိ Pipe Culvert တစ်စင်း၊ ၁၀၅၀ပေ Retaining Wall တစ်ခု၊ ထန်းတောကုန်းကျေးရွာတွင် နှစ်ဖာလုံ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ထိုလမ်းပေါ်တွင် ပေ၃၀ရှိ ကွန်ကရစ် ရေကျော်တစ်စင်း စသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်း တာဝန်ရှိသူများအလိုက် အသီးသီးရှင်းလင်း တင်ပြကြရာ ဝန်ကြီးက လုပ်ငန်းစံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ရက်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြသည်။
အဆိုပါကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနခွင့်ပြုငွေ ခန့်မှန်းကျပ်သန်းပေါင်း (၈၁.၀၆)သန်းဖြင့် Well-set ကုမ္ပဏီမှ လုပ်ငန်းတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက ကျေးရွာ(၉) ရွာမှ အိမ်ခြေ(၁၃၈၄)အိမ်ရှိ ပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများအတွက် အဆင်ပြေချောမွေ့သွား မည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(M.A)