မင်းပြား စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ပြီး မင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်များ၌ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်းသိ ရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ၏စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ လျော့ချနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုး မီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန် တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်မှသာ ကာကွယ်ဆေး ထိုးနှံမည်ဖြစ်ပြီး နောက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက် ပေးလျက်ရှိကာ ပြည်သူ(၅ဝဝဝ)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်