မုဒုံ သြဂုတ် ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ကာလ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်သင် ကျောင်းများဖွင့်လှစ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ Zoom Meeting အစည်းအဝေးခဲ့ကြောင်း သိရသည်။
အစည်းဝေးပွဲတွင် မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က အလယ်တန်းအဆင့် သင်ကျောင်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်မှုလုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင်ရန် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်များ ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများပူပေါင်း၍ ကျန်းမာရေးကြိုတင်ကာကွယ်ထိန်း ချုပ်မှုလုပ်ငန်းများကို ကျောင်းများတွင် ကြိုတင်စီစဉ်ထားရှိမှုတို့ကို လိုက်လံစစ်ဆေး သွားမည်ဖြစ်ရာ အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်မှုများကို မေးမြန်းခဲ့ရာ ခရိုင်ပညာ ရေးမှူး ဦးဉာဏ်ထွန်းမှ ပြန်လည်တင်ပြခဲ့သည်။
အဆိုပါအစည်းဝေးပွဲသို့ မြို့နယ်ပညာရေးမှူးဒေါ်မြဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (၅)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၆)ကျောင်း၊ အခြေခံပညာမူလတန်းလွန် (၁၆) ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၂) ကျောင်းတို့မှ ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
အောင်မျိုးသူ(မုဒုံ)