ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးနှင့် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​​ဆေးထိုးနှံ​ရေး အသိ​ပေးနှိုး​ဆော်

ဖား​ဆောင်း စက်တင်ဘာ   ၂၀    

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ရေး စသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍​ ဖား​ဆောင်းမြို့နယ်အတွင်းရှိ မြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Volunteer များက ပူး​ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် အသက်(၅၅)နှစ်အထက် မိဘပြည်သူများ၊အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများ၊ မကူးစက်နိုင်​သော​ ရောဂါရှိသူများကို စစ်​ဆေးစမ်းသပ်၍ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးကို မြို့နယ်ပြည်သူ့​ဆေးရုံ၌ ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်းကို မိဘပြည်သူများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအသိ​ပေး  နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နှင့်​ မော်ချီး​ဒေသအတွင်းတွင် ဇွန်လ(၂၉)ရက်​​နေ့မှ စက်တင်ဘာလ(၁၉)ရက်​နေ့ထိ ကိုဗစ်​-၁၉ ​ရောဂါ ပိုး​တွေ့လူနာ စုစု​ပေါင်း(၈၅၂)ဦး၊​ (သေဆုံးသူ(၁၀)ဦး၊ လွိုင်​ကော်ပြည်သူ့​ဆေးရုံတွင်​တစ်ဦးသေဆုံး)၊​ ဆေးရုံဆင်းခွင့်ရရှိသူ(၇၄၂)ဦး၊​ ဆေးကုသမှုခံယူသူ (၁၀၀)ဦးရှိ​ပြီဖြစ်​ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နန်းသဲနု​အောင်