အုတ်ဖိုတွင် အခြေခံပညာကျောင်း (၁၆)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

အုတ်ဖို  သြဂုတ်  ၁၅

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ခွဲဝေချထားမှုအရ အခြေခံပညာကျောင်း (၁၆)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက (..က) ချမ်းမြသာမြေ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခြေခံပညာ ကျောင်း()ကျောင်းလျှင် ငွေကျပ် (၂၅၀၀၀)ကျပ်  တန်ဖိုးရှိ အားကစားပစ္စည်းများကို အခြေခံပညာကျောင်း (၁၆)ကျောင်းမှ တာဝန်ရှိသူများ လက်ဝယ်သို့ ပေးအပ်ခဲ့ရာ .ထက အိုးသည်ကုန်း ကျောင်းအုပ်ဆရာကြီး ဦးတင်ခိုင်ညွန့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ အားကစားပစ္စည်းများကို အားကစားထူးချွန်သောကျောင်း၊ ထူးချွန်သော အားကစားသမား ထွက်ပေါ်သော ကျောင်းနှင့် အားကစားသိပ္ပံ သင်တန်းသား ထွက်ပေါ်သော ကျောင်းများကို ဦးစားပေး ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)