ရွာသစ်မြို့တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်‌‌ ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရွာသစ် စက်တင်ဘာ   ၂၀

ကယားပြည်နယ်၊‌ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင်  အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်း သူများ၊ နာတာရှည်‌ရောဂါရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ မြောက်ပိုင်းရပ်ကွက်ရှိ တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝထိုးနှံခြင်းမရှိသေးသည့်အသက်(၅၅) အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်‌ ရောဂါရှိသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့် ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ ပရဟိတအသင်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးကာ မိနစ်(၃၀)ခန့် ဆေးထိုးထားသူများ၏ ကျန်းမာရေးအခြေအနေများကို စောင့်‌ကြည့်လျက် ရှိကြောင်း သိရသည်။

 နန်းဆွေဆွေအေး