မြို့သစ် ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် မြို့သစ်မြို့၊ ဗန္ဓုလကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ အုပ်ချူပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောခြင်းနှင့် ပြည်သူ့၀န်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့သစ်မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းက ပြည်သူ့၀န်ဆောင်မှုရုံး ဖွင့်လှစ်ရခြင်း အကြောင်းနှင့် ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းအကြောင်းတို့ကို အဖွင့်အမှာစကား ပြောကြား သည်။
ယင်းနောက် OSS အဖွဲ့ခေါင်းဆောင် တမူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးနှင့် မြို့သစ်မြို့ ဌာနဆိုင်ရာများ ဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စက်မှုလယ်ယာ၊ မီးသတ်တပ်ဖွဲ့တို့မှ တာ၀န်ရှိသူများက မိမိတို့ဌာန အသီးသီးမှ ၀န်ဆောင်မှုပေးသည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)