ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၃၇) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၃၅၃)ဦး နှင့် ယနေ့သေဆုံးသူမရှိ

ကယား စက်တင်ဘာ ၂၀

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးစစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၄၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၃၆) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၃၇)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၁၅) ဦး၊ သူနာပြုသင်တန်းကျောင်းတွင် (၄)ဦး ၊ ဘောလခဲဆေးရုံတွင် (၃)ဦး ၊ ဘောလခဲမြို့နယ်ရှိ (Positive Medical Centre)များတွင် (၁)ဦး၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၁)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (Positive Medical Centre)များတွင်(၇)ဦး၊ မယ်စဲ့မြို့နယ်တွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (Positive Medical Centre)များတွင် (၅)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၃၇) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၂၉၇၁) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၂၃၅၃)ဦးရှိကြောင်း နှင့် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၄၀) ဦး ၊ Positive Medical Centre များတွင် (၁၃၀)ဦး ၊ ဘောလခဲမြို့နယ်တွင် (၄၁)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၀၀)ဦး၊ တပ်မ​တော်ဆေးရုံတွင် (၄)ဦး ၊ မယ်စဲ့မြို့နယ်တွင် (၈၈)ဦး ၊ စုစုပေါင်း (၅၀၃) ဦးအား ကုသ ပေးလျက် ရှိကြောင်းကယားပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)