မင်းလှမြို့၌ ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

အထက်မင်းလှ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၉၀၇၅ စုရှိပြီး၊ နိုင်ငံတော်အစိုးရက အိမ်ထောင်စု တစ်စုလျှင်ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစု‌ပေါင်း ထောက်ပံ့‌‌ငွေကျပ် ၁၈၁၅၀၀၀၀၀ ပေးအပ်ခဲ့သည်။

အဆိုပါ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာ၌ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)