ပေါင်းတည်မြို့နယ်တွင် ရဟန်းသံဃာတော်များ၊ အသက် ၅၅ နှစ်အထက် ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပေါင်းတည် စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ရဟန်းသံဃာတော်များ၊ အသက် ၅၅ နှစ် နှင့် အထက် ရှိသူများ၊ မသန်စွမ်းသူများ၊  ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို   ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးရာနေရာ၌  လူစု၊ လူဝေး မဖြစ်ပေါ်စေရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)