ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ‌အား ထောက်ပံ့ငွေပေးအပ်

ဆင်ပေါင်ဝဲ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်း ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြီးကြပ်၍ မြို့ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်ရှိ အိမ်ထောင်စု (၅၇၅)စု၏ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲ မြို့နယ်တွင် ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၆ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု ( ၁၅၈၅၄ )စုအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ( ၃၁၇၀၈၀၀၀၀/-) ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်ရွှေထံမှ သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)