သထုံမြို့နယ် အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး လိုအပ်ချက်များ ကွင်းဆင်းစစ်ဆေး

သထုံ     စက်တင်ဘာ     ၁၈

မွန်ပြည်နယ်၊ သထုံ့မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စနစ်တကျရှိရေးနှင့် ဖွံဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော် ရပ်ကွက်ရှိ ပေါ်ဆန်းရင်မျိုးစပါးစံပြစိုက်ခင်း ဧက(၃၀၀)စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ သိမ်ဆိပ်ရပ်ကွက်ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးချိုတူးပိုင် ကြက်မွေးမြူရေးခြံ၌ ဩစတေးလျမျိုး ကြက်ကောင်ရေ (၇၀၀၀)နှင့် ငါးမွေးမြူရေးကန်များ၌ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးပြေမ၊ တီလားဗီးယား ငါးမျိုးစိတ်ကောင်ရေ(၂၅ဝဝဝဝ) မွေးမြူထားရှိမှု အ‌ခြေနေတို့ကို ကွင်းဆင်းစစ်ဆေးကာ မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် သားငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များတင်ပြမှု‌အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)