လပွတ္တာ စက်တင်ဘာ ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်ထိ ခုတင်-၂၀၀ပြည်သူ့ဆေးရုံကြီး၌ သံသယရှိသူစုစုပေါင်း(၁၄)ဦးအား စစ်ဆေးခဲ့ရာကျား (၃)ဦးနှင့် မ(၂)ဦး ထပ်မံပိုးတွေ့ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦးနှင့် ထပ်မံသေဆုံးသူ(၁)ဦးရှိကြောင်းသိရသည်။
လပွတ္တာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်ထိစစ်ဆေး ရာတွင် ကန်ဆိပ်ကျေးရွာနေ ကျား(၁)ဦးနှင့်မ(၁)ဦး၊ဇီးဖြူဆိပ်ကျေး ရွာနေ ကျား(၁)ဦး၊ ဆားမလောက်ကျေးရွာနေ မ(၁)ဦး နှင့် ပိန္နဲကုန်း ကျေးရွာနေ ကျား(၁)ဦး တွင်ပိုးတွေ့ရှိကြောင်း သိရသည်။ အဆိုပါ ပိုး တွေ့လူနာများအား မြို့နယ်ကိုဗစ်ကော်မတီနှင့် ခရိုင်/မြို့နယ်ကုသရေးဦးစီးဌာနတို့က ခုတင်(၂၀၀)ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင် တွင်ထားရှိ၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းတို့နေအိမ်များအား ကန့်သတ်နယ်မြေအဖြစ်ဆောင်ရွက်ထား လျက်ရှိကြောင်းနှင့်နေကောင်း၍ပြန်လည်ကျန်းမာလာပြီးဆေးရုံဆင်း ခွင့်ရရှိသူ (၅)ဦးရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူစုစုပေါင်း(၆၈၃) ဦးထိရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူစုစုပေါင်း(၅၀၀) ဦးနှင့် သေဆုံးသူ(၁၄၆)ဦးနှင့် ဆက်လက်ကုသဆဲလူနာ စုစုပေါင်း(၃၇)ဦးရှိကြောင်း မြို့နယ်ကိုဗစ်.၁၉ကော်မတီမှသိရသည်။
ယောဧရာ