ဂွ စက်တင်ဘာ ၁၈
ဂွမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ လျော့နည်းလာသည့်အတွက် ဇူလိုင်လ(၁၇)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ပိုးတွေ့လူနာများ ကို လက်ခံကုသပေးခဲ့သော ကိုဗစ်ကုသရေးစင်တာ-၂ (စည်ပင်)ကို ယမန်နေ့က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာ များကို ဂွမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ဆက်လက်ကုသမှု ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ဂွမြို့နယ်အနေဖြင့် ယနေ့ ပိုးတွေ့လူနာ(၈)ဦး၊ ဆေးရုံဆင်း(၁၃)ဦးနှင့် ကုသဆဲလူနာစုစုပေါင်း(၅၅)ဦးရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်