ခင်ဦး စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ (၁၈) နှစ်ပြည့်ပြီး ဆေးထိုးရန် သတ်မှတ်ချက်နှင့်ညီ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေး သူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူ များကို ယနေ့နံနက် ၉ နာရီက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ (မိခင်နှင့်ကလေးကျန်းမာရေးဌာန) တွင် စနစ်တကျ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူ အသက် (၆၅)နှစ်အထက် ပုဂ္ဂိုလ် (၆၉၇) ဦး၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၃) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၅၂၈) ဦး၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဘာသာရေးကျောင်းမှ (၂၀၀) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၈၀) ဦး၊ ပုဂ္ဂလိကဝန်ထမ်း (၆၀၇) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးမှ (၇) ဦး၊ ဈေးသည် (၁၂၇၇) ဦး စုစုပေါင်း ထိုးနှံပြီးသူ လူဦးရေ (၃၈၉၉) ဦး ထိုးနှံပြီး၍ ဆေးထိုးရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)